Labels

Recent Posts

Like us

Subscribe

Powered by Blogger.

Labels

Blogger templates

Contact Form

Name

Email *

Message *

Home » » Solar Impulse 2 လေယာဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ

Solar Impulse 2 လေယာဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ

မန္တလေး မတ် ၂၀
မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မန္တလေးသို့ ရောက်ရှိနေသည့် ကမ္ဘာပတ် နေရောင် ခြည်စွမ်းအင်သုံး Solar Impulse 2 လေယာဉ်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မတ်လ ၂၀ ရက် နံ နက် ၈ နာရီခွဲ တွင် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး) ၌ ကျင်းပသည်။ ရှေးဦး စွာ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က အဖွင့်အမှာ စကား ပြောကြားပြီး Solar Impulse 2 လေယာဉ်မှူးများ က နှုတ်ခွန်းဆက် စကား ပြောကြားသည်။
အဆိုပါသတင်းစာ ရှင်းလင်းပွဲသို့ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးရဲမြင့်၊ ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာ လန်သံအမတ်ကြီး မစ္စတာခရစ်တိုဘာဂန်နာ၊ FMI ဥက္ကဌ ဦးသိမ်းဝေ၊ Solar Impulse အမှုဆောင်အရာရှိချုပ်၊ ပူးတွဲတည်ထောင်သူနှင့် လေယာဉ်မှူးဖြစ်သူ အန်ဒရေဘော့ခ်ျဘတ်ဂ်၊ Solar Impulse ဥက္ကဌနှင့် လေယာဉ် မှူးဖြစ်သူ ဘာထရန်ပစ်ကဒ်၊ Solar Impulse လေယာဉ်ကမ္ဘာတစ်ပတ် ပျံသန်းရေး ထောက်ပံ့ပေးထားသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် မီဒီယာများ တက်ရောက်သည်။
အဆိုပါ Solar Impulse 2 လေယာဉ် ကမ္ဘာတစ်ပတ်ပျံသန်းရေးအတွက် အဓိကပံ့ပိုးပေးသည့် အဖွဲ့အ စည်းတစ်ခုဖြစ်သည့် Schindler မှ အမှုဆောင် အရာရှိချုပ် မစ္စတာဂျူဂျူဒန်ဂျီနာက “Solar Impulse 2 လေယာဉ် ပျံသန်းနိုင်မှု က တီထွင်ဖန်တီးမှုမှာ သမိုင်းတစ်ခေတ်ဆန်းတာဖြစ်ပြီး ဒီလိုစွန့်ဦးတီထွင်မှု မှာ စိတ်အားထက်သန် စွာ ပံ့ပိုးခွင့်ရတဲ့အတွက် ကျွန်တော်တို့ ကြည်နူး ဝမ်းမြောက်မိပါတယ် ဟု ပြောကြားသည်။ Solar Impulse 2 ၏ အိမ်ရှင်နိုင်ငံမိတ်ဖက်ဖြစ်သည့် FMI ဥက္ကဌ ဦးသိမ်းဝေကလည်း Solar Impulse 2 လေယာဉ်ခရီးစဉ်သည် ဆန်း သစ်တီထွင်မှု၊ တိကျသော စီစဉ်ဆောင်ရွက်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခိုင်နိုင်မှု၊ ကွဲပြားခြားနားသော နည်းပညာ၊ ကျွမ်းကျင်မှုနှင့် တွေးခေါ်စဉ်းစားနိုင်မှု တို့ ပေါင်းစပ်နိုင်စွမ်းရှိမှုကို ကိုယ်စားပြုနေသည်ဟု ဆိုသည်။
ထို့အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန်သံအမတ်ကြီး မစ္စတာခရစ် တိုဘာဂန်နာက “Solar Impulse လေယာဉ် က ဆွစ်ဇာလန်နိုင်ငံမှာ စတင်ဖြစ်ပေါ်လာတဲ့ စိတ်ကူးတီထွင်ကြံဆချက် တစ်ခုဖြစ်ပြီး ကျွန်တော် တို့နိုင်ငံရဲ့ စိတ် ဓာတ်အားမာန်ကို ဖော်ညွှန်းပြသနေပါတယ်။ Solar Impulse 2 လေယာဉ်တီထွင်နိုင်မှုက အနာဂတ်ကို ရှေးရှုတဲ့ မျှော်မှန်းချက်နဲ့ စိတ်အား ထက် သန်မှုတွေ ဖြစ်ပေါ်စေတဲ့ ဆွစ်ဇာလန်နိုင်ငံက စွန့်ဦးတီထွင်သူတွေ အတွက် သိ သာထင်ရှားတဲ့ ဥပမာတစ်ခုဖြစ်ပါတယ် ဟု ပြောကြားသည်။
Solar Impulse 2 လေယာဉ်သည် မန္တလေးမြို့၌ အနည်းဆုံး သုံးရက်ကြာ ခိုနားမည်ဖြစ်ပြီး တရုတ်ပြည် သူ့သမ္မတနိုင်ငံ ချုံကျင်းမြို့သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment