Labels

Recent Posts

Like us

Subscribe

Powered by Blogger.

Labels

Blogger templates

Contact Form

Name

Email *

Message *

Home » » နိုင်ငံတော်သမ္မတဦးသိန်းစိန် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar impulse-2 မန္တလေးမြို့တွင် ဆင်းသက်မှု သွားရောက်ကြည့်ရှုအားပေး

နိုင်ငံတော်သမ္မတဦးသိန်းစိန် နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် Solar impulse-2 မန္တလေးမြို့တွင် ဆင်းသက်မှု သွားရောက်ကြည့်ရှုအားပေး

နေပြည်တော် မတ်၂၀
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးရဲထွဋ်၊ ဒေါက်တာ သန်းအောင်၊ ဦးဋ္ဌေးအောင်နှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ကြရာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် အဖွဲ့ဝင်များအား ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်၊ တိုင်းမှူး ဗိုလ်ချုပ်စိုးထွဋ်၊ ဒုတိယဝန်ကြီး ဦးဇင်ယော်၊ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် နိုင်ငံသံအမတ်ကြီး H.E.Mr.Christoph Burgener ၊လေယာဉ်မှူးများ နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များအား ယာယီခန်းမတွင် လေယာဉ်မှူးများ၏ လေယာဉ်အားစွန့်ဦးတီထွင် နိုင်ခဲ့မှုများနှင့် သမိုင်း ကြောင်း မှတ်တမ်း ဗွီဒီယိုကိုပြသသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် Solar impulse-2 လေယာဉ်မှူးများအား ဂုဏ်ပြုသစ်သီးခြင်းများ နှင့် အမှတ်တရလက်ဆောင်ပစ္စည်း တို့ကိုပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်သမ္မတ အား လေယာဉ်မှူးများ က အမှတ်တရ လက်ဆောင် ပစ္စည်းများပြန်လည်ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးခင်အောင်မြင့်၊ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး တို့သည် လေယာဉ်မှူးနှစ်ဦးနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခေတ္တရပ်နားနေသည့် နေရောင်ခြည် စွမ်းအင်သုံးလေယာဉ် Solar impulse-2 အားကြည့်ရှု့ပြီး လေယာဉ်မှူး များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
Solar impulse-2 နေရောင်ခြည်စွမ်းအင်သုံးလေယာဉ်ကို ဆွစ်ဇာလန် နိုင်ငံတွင် ၂၀၁၁ ခုနှစ်က စတင် ပြုလုပ်ခဲ့သည်။ ၂၀၁၄ ဇွန် ၂ တွင် ပထမဆုံးပျံသန်းမှုကို payerne ရှိ ပုဂ္ဂလိကလေယာဉ်ကွင်းတွင် စမ်းသပ် ပျံသန်းခဲ့သည်။ အဆိုပါ လေယာဉ်သည် အလေးချိန်ပေါင် ၅၁၀၀ (တန်အားဖြင့် ၂ဒသမ ၃တန်) အလေးချိန်ရှိသည်။ လေယာဉ်၏ တောင်ပံ သည် ၇၂ မီတာရှည်လျားပြီး အပိုင်းသုံးပိုင်းဖြင့် ဖွဲ့စည်း တည်ဆောက်ထား သည်။ ထို့ပြင် တောင်ပံများတွင် ဆိုလာဆဲလ်ပေါင်း ၁၇၀၀၀ ပါရှိပြီး တစ်နာရီ ကီလိုမီတာ ၇၀ နှင့် အမြင့် ၁၂၀၀၀ မီတာအထိ ပျံသန်းနိုင်ကြောင်း သိရ သည်။
Solar impulse-2 လေယာဉ်၏ ကမ္ဘာပတ်ခရီးစဉ်ကို ယခုနှစ် မတ်လ ၉ ရက် ညနေပိုင်းကစတင်ခဲ့ရာ လေယာဉ်မှူး Andre Borshberg က အာရပ်စော်ဘွား များနိုင်ငံ(UAE) Abu Dhabi လေဆိပ်မှ အိုမန်နိုင်ငံ Muscat မြို့သို့ ပျံသန်းချိန် ၁၃ နာရီ ၁ မိနစ်ဖြင့် လည်းကောင်း၊ မတ် ၁၀ ရက်တွင် လေယာဉ်မှူး Bertrand Piccard က အိုမန်နိုင်ငံ Muscat မြို့မှ အိန္ဒိယနိုင်ငံ Ahmedabad မြို့သို့ ပျံသန်းချိန် ၁၅ နာရီ မိနစ် ၂၀ ဖြင့်လည်းကောင်း ၊ လေယာဉ်မှူး Andre Borshberg က အိန္ဒိယနိုင်ငံ Ahmedabad မြို့မှ Varanasi မြို့သို့လည်းကောင်းမောင်းနှင်ပျံသန်းခဲ့ပြီး မတ် ၁၉ ရက်တွင် လေယာဉ်မှူး Bertrand Piccard က Varanasi မြို့မှ မြန်မာနိုင်ငံ မန္တလေးမြို့သို့ ပျံသန်းချိန် (၁၅)နာရီကျော် ဖြင့်လည်းကောင်း မောင်းနှင်ပျံသန်းခဲ့သည်။
အဆိုပါ Solar impulse-2 သည် မြန်မာနိုင်ငံရှိ မန္တလေး၊ တရုတ်နိုင်ငံရှိ Chongqing နှင့် Nanjing၊ အမေရိကန်နိုင်ငံရှိ ဟာဝိုင်ရီနှင့် Phoenix၊ အမေရိကန် အလယ်ပိုင်း နယူးယောက်၊ ဥရောပတောင်ပိုင်း သို့မဟုတ် အာဖရိကမြောက်ပိုင်းသို့ ကမ္ဘာတစ်ပတ် အဆင့်ဆင့်ဖြတ်သန်း မောင်းနှင် မည်ဖြစ်ပြီး ဩဂုတ်လတွင် Abu Dhabiသို့ ခရီးဆုံးပျံသန်း ဝင်ရောက် မည်ဖြစ်သည်။
ထို့သို့ ကမ္ဘာတစ်ပတ် ဖြတ်သန်းပျံသန်းပြီး ရပ်နားရာ ဒေသများတွင် Solar impulse-2 တီထွင်ခဲ့သည့် ဆွစ်ဇာလန်နိုင်ငံ၏ ဆန်းသစ်တီထွင်မှု အတွေ့အကြုံနှင့် နည်းပညာများကို ပြန်လည်မျှဝေသွားမည်ဟု သိရသည်။ ထို့သို့ မြန်မာနိုင်ငံ မန္တလေးမြို့တွင် ၃ ရက်ကြာ ရောက်ရှိရပ်နားပြီး မီဒီယာတွေ့ဆုံပွဲများနှင့် ဆွေးနွေးပွဲများကို ပြုလုပ်မည်ဖြစ်သည်။
Solar impulse-2 ခရီးစဉ်တွင် မြန်မာနိုင်ငံသို့ ခရီးတစ်ထောက် နားဖြစ်ခဲ့ခြင်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလက သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဆွစ်ဇာလန်နိုင်ငံခရီးစဉ်တွင် ဆွစ်ဇာလန် နိုင်ငံသမ္မတက ခရီးတစ်ထောက်ရပ်နားရန် ကမ်းလှမ်းခဲ့သောကြောင့်ဟု သိရှိရသည်။
သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော နေရောင်ခြည် စွမ်းအင်သုံး Solar impulse-2 ၏ပျံသန်းမှုကုန်ကျစရိတ်သည် CHF-400000 ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ၂၀၁၄ခုနှစ်က ပျံသန်းခဲ့သည့် Solar impulse-1သည် CHF-500000 ကုန်ကျခဲ့သည့်အတွက် ပျံသန်းမှုကုန်ကျ စရိတ် သက်သာ ကြောင်း သိရှိရသည်။
ထို့ကြောင့် တီထွင်ကြံဆပြီး ဖြစ်မြောက် အောင်မြင်စေရန်ဆောင်ရွက် ခြင်းသည် လူသားတို့၏ စွမ်းရည်ဖြစ်ပါကြောင်း၊ သဘာဝစွမ်းအင်ဖြင့် ဝေဟင်၌ ပျံသန်းနိုင်သည်ကို သက်သေပြလိုက်သည့် ဆွစ်ဇာလန်နိုင်ငံမှ Solar Impulse-2 သည် သဘာဝ အလျောက်ရရှိသည့် နေရောင်ခြည် စွမ်းအင်ကို အသုံးပြုထားပြီး သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက် ရောက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရှိရသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်အဖွဲ့ဝင်များသည် မန္တလေးမြို့မှ အထူးလေယာဉ်ဖြင့်ပြန်လည်ထွက်ခွာခဲ့ကြရာနေ့လယ်ပိုင်းတွင်နေပြည်တော် သို့ ပြန်လည်ရောက်ရှိကြသည်။

0 comments:

Post a Comment