Labels

Recent Posts

Like us

Subscribe

Powered by Blogger.

Labels

Blogger templates

Contact Form

Name

Email *

Message *

Home » » (၇) ကြိမ် မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် စတုတ္တနေ့ ဆွေးနွေးပွဲ ကျင်းပ

(၇) ကြိမ် မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် စတုတ္တနေ့ ဆွေးနွေးပွဲ ကျင်းပ


ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) အတွက် (၇) ကြိမ် မြောက် အစည်းအဝေး စတုတ္ထနေ့ကို မတ်လ (၂၀) ရက်နေ့တွင် ဆက်လက်ကျင်း ပသည်။
ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA)တွင် အခန်း (၇) ခန်းရှိသည့်အနက် အခန်း (၅) အထိဆွေးနွေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ယနေ့ဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးပါက စာချုပ်ပါ အချက်များအား တာဝန်ယူ၊ တာဝန်ခံပြီး အကောင်အထည်ဖော်မည့် ယန္တရားတစ်ခု ဖန်တီးနိုင်ရေး အတွက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ ယင်းသို့ ဆွေးနွေးရာတွင် အသေးစိတ် အချိန်ယူဆွေးနွေးခဲ့ရပြီး အရေး အကြီးဆုံး အစိတ်အပိုင်း တစ်ခုအား နှစ်ဘက် သဘော တူ ဆွေးနိုင်ခဲ့သည်ဟု ဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက "သတင်းကောင်းကတော့ ကျွန်တော်တို့ တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ချုပ်ဆိုလို့ရှိရင် ဘယ်လို အကောင်အထည်ဖော် မလဲဆိုတဲ့ ယန္တယား ဖန်တီးမှုကို ကျွန်တော်တို့အနေနဲ့ သဘော တူနိုင်ပြီ ဖြစ်ပါတယ်။ ဒါက အင်မတန်မှ အရေးကြီးတဲ့ အချက် သဘောတူနိုင်တဲ့အတွက် အင်မတန် အောင်မြင်တဲ့ အချက်လို့ ကျွန်တော် ပြောချင်ပါတယ်။"ဟု ဆွေးနွေးပွဲ အပြီးတွင် မီဒီယာများ အား ပြောကြား သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုပြီးပါက ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဖွဲ့စည်း သွားမည်ဖြစ်သည်။
ပူးတွဲစောင့်ကြည့်ရေး ကော်မတီအား ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့် နှင့် ဒေသန္တရ အဆင့်များဖြင့် ဖွဲ့စည်းသွားမည် ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ နှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ကော်မတီ အပါအဝင် လိုအပ်ပါက လုပ်ငန်းအထောက်အကူပြုကော်မတီနှင့် နည်းပညာ ပိုင်းဆိုင်ရာ အထောက်အကူပြု ကော်မတီများကို ဖွဲ့စည်းသွားမည်ဖြစ်သည်။ ယင်းသို့ ကော်မတီများ ဖွဲ့စည်းရ ခြင်းမှာ NCA စာချုပ် ချုပ်ဆိုပြီးပါက ပိုမို ခိုင်မာ စေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် အစီစဉ်ချမှတ်ထားခြင်း ဖြစ်သည်ဟု ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်းက ပြောကြား သည်။
(၇) ကြိမ်မြောက် UPWC နှင့် NCCT တို့၏ တွေ့ဆုံဆွေးနွေးပွဲ စတုတ္တနေ့ အထိ နှစ်ဖက် သဘော တူညီမှု များရရှိခဲ့သည်။ ယနေ့ဆွေးနွေးပွဲ၌ မပြီးပြတ်ခဲ့သည့် Road Map (လမ်းပြမြေပုံ)နှင့် အခန်း (၅) တွင် ကျန်ရှိ သည့် အချက်ငယ်နှစ်ချက်၊ အခန်း (၆)၊ အခန်း (၇) တို့ကို ပဉ္စမရက် မြောက်နေ့ အဖြစ် မတ်လ (၂၁) ရက်နေ့၌ ဆက်လက် ဆွေးနွေး သွား မည် ဖြစ်သည်။

0 comments:

Post a Comment